Saturday, August 20, 2011

ဒုတိယအကြိမ် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းပိတ်ပွဲ အခမ်းအနား အောင်မြင်စွာပြီးစီး

U Chandramani Student Welfare Association (UCSWA) မှ ဦးဆောင်ဖွင့်လှစ်အပ်သော ဒုတိယအကြိမ်မြောက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းကို နာလန္ဒာတရုတ်ကျောင်း၌ (၆.၆.၂၀၁၁)နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ သင်တန်းသားဦးရေမှာ (၆၀) ကျော်ခန့်ရှိ တက်ရောက်ခဲ့ကြပါသည်။ အင်္ဂလိပ်စာသင်တန်း နည်းပြဆရာများမှာ ဦးစရိယ (M.A, Diploma in Communication English)နှင့် ဦးပုည (M.A) တို့က Reading, Writing, Speaking သင်တန်းများကို အဆင့်မြင့် စနစ်တကျ သင်ပြခဲ့ကြပါသည်။ ကွန်ပျူတာသင်တန်း နည်းပြဆရာများ (New Delhi) မှ ကိုညီလင်းနှင့် ကိုထိန်းအောင်လင်း တို့ဖြစ်ကြပြီး၊ Microsoft word, Page Maker, Photoshop, Crel draw Program များကို အသေးစိတ် သင်ပြခဲ့ကြပါသည်။ ၎င်းအပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဆရာတော် ဒေါက်တာ နန္ဒောဘာသ (ကာလကတ္တာ၊ဗောဓိသုခပရဟိတကျောင်း) မှ ကြွရောက်ကာ Capacity Building, Fundraising, Project Proposal Writing,နှင့် ပတ်သက်သော သင်တန်းကို ပိုချခဲ့ပါသည်။ သင်တန်းကာလမှာ (၂)လဖြစ်ပြီး (၆.၈.၂၀၁၁) နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ သင်တန်းပိတ်ပွဲ အခမ်းအနားကို (၁၃.၈.၂၀၁၁) နေ့တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြပါသည်။ သင်တန်း ပိတ်ပွဲအခမ်းအနားသို့ နာလန္ဒာတရုတ်ကျောင်း ဆရာတော် ဒေါက်တာ ဦးပညာလင်္ကာရ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး သြဝါဒစကားများ ချီးမြောက်ကာ သင်တန်း တက်ရောက်ခဲ့ကြသော ကျောင်းသားရဟန်းတော်များကို သင်တန်းဆင် လက်မှတ်များကိုလည်း ပေးအပ်ခဲ့ပါသည်။ နောက်ပြီး U Chandramani Student Welfare Association အသင်း ဥက္ကဌ ဦးအဂ္ဂဝံသ (M.A in Buddhism) မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အသင်း ရေရှည်တည်တံရေး အတွက်အဖွဲ့ဝင်များအာလုံး တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လားကြဖို့ အားပေးစကား ပြောကြားခဲ့ပြီးလျှင်။ ကြွရောက်ကြသော ဆရာများ၊ ဧည့်သည့်တော်များ၊ ကျောင်းသား ရဟန်းတော်များ၊ အဖွဲ့ဝင်များကလည်း အသင်း အနာဂတ်မှာ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အသင်းရေရှည် တည်တံခိုင်းမြဲရေး၊ ပညာရေး တိုးတက်အောင်မြင်ရေး၊ သင်တန်းနှင့် ပတ်သက်သော အမြင်များကိုလည်း အသီသီ ဆွေးနွေး ပြောကြားခဲ့ပါသည်။


နာလန္ဒာတက္ကသိုလ် တရုတ်စာပေဌာနမှ ဒေါက်တာ ကုဏ္ဍလ ပြောကြားချက်

အသင်း အဖွဲ့အစည်းများ အလုပ် လုပ်သည့်အခါ အမြဲတမ်း တိုင်ပင်ညှိနိုင်းဖို့ လိုအပ်ပါတယ်။ အသင်းမှာ ဆရာလုပ်မည့်လူ ပြည့်စုံရုံလောက်နှင့် အသင်းတိုးတက်ရန် မလုံလောက်ပါ။ တပည့် လုပ်မည့်သူလည်း အလားတူ လိုအပ်တယ်လို့ တပည့်တော် လျှောက်ထားလိုပါတယ်။ ပညာတစ်ခုကို တတ်အောင် ဆရာတစ်ဆူဖြစ်အောင်သင်ပါ။ ပညာသင်လျှင် သည်းခံရမယ်။ အိန္ဒိယမှာ နေရင် အိန္ဒိယစာပေကိုလည်း သင်သင့်ပါတယ်။ နောက်ပြီး ယနေ့ ကမ္ဘာမှာ အင်္ဂလိပ်စကားနည်းတူ တရုတ် ဘာသာစကားလည်း အရေးပါနေတာကို တွေ့နေရပါတယ်။ ဘယ်ပညာရပ်ကိုမဆို သင်ယူသည့်အခါ တတ်မြောက်အောင် သင်ယူဖို့ လျှောက်ထား လိုပါတယ်။ နောက်ဆုံး အနေအားဖြင့် မိမိ တတ်မြောက်ထားသည့် ပညာရပ်ကို မိမိလောက် မတတ်သောသူများအား လက်ဆင့်ကမ်း ပို့ချသင်ပေးခြင်းသည် ပညာသင်ယူမှု၏ အဓိက အနှစ်သာရပင် ဖြစ်ကြောင်း လျှောက်ထားယင်း တပည့်တော်၏ လျှောက်ထားချက်ကို နိဂုံးချုပ်လိုက်ပါတယ်။

ဦး ဇဋိလ M.A (နာလန္ဒာတက္ကသိုလ်) သင်တန်းအတွေ့အကြုံ လျောက်ထားချက်

ဒီသင်တန်းမှာ အင်္ဂလိပ်စာ ကွန်ပျူတာ ပညာရပ်များကို သင်ယူရလို့ အလွန် ဝမ်းသာပါတယ်။ အင်္ဂလိပ်စာ အပြင် ယခုသင်တန်းတွင် သင်ပြခဲ့သည့် Microsoft word , PageMaker , Photoshop , Coral Draw စသည့် ကွန်ပျူတာနှင့် ဆိုင်သော ပညာရပ်များကိုလည်း ခေတ်ရဟန်းတော်များ အနေဖြင့် အထူးပင် သင်ယူ သင့်ပါကြောင်း ထင်မြင်မိပါတယ်။ ဤသင်တန်းမှာ ကျွမ်းကျင်သော ဆရာများနှင့် အနီးကပ် အသေးစိတ် သင်ယူခဲ့ရသောကြောင့် အထူး ဝမ်သာပါတယ်။ နောက်နောင်ကိုလည်း ယခုလိုသင်တန်းမျိုး တက်ရောက်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ ကျေးဇူတင်ပါတယ်။

ဦး အာစာရ M.A ( မဂဓတက္ကသိုလ်) သင်တန်းအတွေ့အကြုံ လျောက်ထားချက်

တပည့်တော် ပါဠိဘာသာကို ဓမ္မာစရိယ အောင်သည်ထိ ဆယ်နှစ်ကျော် သင်ခဲ့ပါတယ်။ အင်္ဂလိပ် စာသင်ယူသည့်အခါ ဆရာသမားများက သိပ်လက်မခံလိုကြပါ။ သို့သော် မဂဓတက္ကသိုလ်မှာ ကျောင်းတက်ရင်း ဒီသင်တန်းကို လာရောက် တက်ခဲ့ရသဖြင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာဆိုင်ရာ အထွေထွေ ဗဟုသုတများကို ရရှိခဲ့ပါတယ်။ သင်တန်းဖြစ်မြောက်အောင် လုပ်ဆောင်ပေးကြသော ပုဂ္ဂိုလ်များကို အထူး ကျေးဇူးတင်ပါတယ်။ ရှေးကပုဂ္ဂိုလ်များ၏ အနစ်နာခံ လုပ်ဆောင်ချက်များကိုလည်း တပည့်တော်တို့ လူငယ်တွေက အတုယူသင့်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ဘုရား။

ဦး ပညာဝံသ M.A ( နာလန္ဒာတက္ကသိုလ် ) သင်တန်း အတွေ့အကြုံ လျောက်ထားချက်

အခန်းအနားသို့ တက်ရောက်လာကြသော နာယက ဆရာတော် များနှင့် သင်ကြားပေးကြသော ဆရာများ ကို ဂါရဝပြုပါတယ်။ ဒီသင်တန်းကို မတက်မီတုန်းက တပည့်တော်ဟာ အခုလို စတိတ်စင်ရှေ့မှာ မတ်တတ်ရပ် စကားပြောဝံ့သူ မဟုတ်ပါ။ ဒီသင်တန်းက ပို့ချသော အင်္ဂလိပ် စကားပြောသင်တန်းကြောင့်

အခုလို ပရိသ်သပ်အများရှေ့မှာ စကားပြောရဲလာတာပါ။ ဒီထက်များသော ပရိသ်သပ်ရှေ့မှာလည်း တပည့်တော် ရဲရဲဝံ့ဝံ့ စကားပြောရန် ယုံကြည်မှု အပြည့်အဝဖြစ်လာပါပြီ။ အထူးသဖြင့် အင်္ဂလိပ်စကားပြောရာမှာ ပိုမို သတ္တိရှိလာပါတယ်။ ဒီလို ဗဟုသုတတိုးပွားလာအောင် သင်ပေးကြသော ဆရာများနှင့် သင်တန်း ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော UCSWA ကို အထူးပင် ကျေးဇူးတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ဘုရား။

ဦး ဝရုတ္တမ M.A ( မဂဓတက္ကသိုလ် ) ပြောစကား

ဒီသင်တန်းကို တက်ရောက်ခွင့် ရလို့ ဝမ်းသာအားရ ဖြစ်ရပါတယ် ဘုရား။ တပည့်တော်တို့လို အခြေခံ လိုအပ်သေးသူများအတွက် သင်တန်းကာလ တိုတောင်းသောကြောင့် အားမရဖြစ်မိပါတယ် ဘုရား။ တပည့်တော်တို့ကို ဒီထက်မက ပညာရည် မြင့်မားအောင် ပို၍မြင့်မြင့်ပျံနိုင်အောင်၊ ပို၍ ပို၍စွမ်းရည်မြင့်လာအောင် လုပ်ပေးတဲ့အတွက် ဆရာများနှင့် ဤအသင်းကို လှစ်လှစ်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ် ဘုရား။


အပြည့်အစုံသို့

Tuesday, October 12, 2010



ဒီသင်တန်းကတပည့်တော်ကိုပညာသင်ကြားပေးရုံသာမက နေရာဒေသအသီးသီး၊ တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူဆည်းပူးနေကြတဲ့ သူငယ်ချင်းတွေနှင့် တွေ့ဆုံခွင့်ရရှိလို့ အတိုင်းအဆမရှိအောင်ကို ကျေနပ်ဝမ်းမြှောက် မိပါတယ်ဘုရား။

ဦးနန္ဒ
မာဂတတက္ကသိုလ်



တပည့်တော်ဒီ(ပြည်ပ)ကို အနာဂါတ်အတွက်ရည်းမှန်းချက်တွေ၊မျှော်လင့်ချက်တွေ တပုံကြီးနှင့်လာခဲ့တာပါ၊ ဒါပေမယ့် ဒီကိုရောက်လာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ့်ကိုယုံကြည်မှုတွေ ဆုတ်ယုတ် သွားသလို ခံစားမိခဲ့ရပါတယ်၊ ပြီးတော့ပညာရေးနှင့်ပက်သက်လို့လည်းအားငယ်နေမိတယ်။ နောက်တော့ U CHANDRAMANI STUDENT WELFARE ASSOCIATION မှကြီးမှူးလို့ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းတွေ ဖွင့်လှစ်မယ်လို့ သတင်းကြားလိုက်ရတဲ့အခါ၊ တပည့်တော်ရဲ့မျှော်လင့်ချက် ရောင်ခြည်တွေ တဖန်လင်းလက်လို့လာခဲ့ပါ
တယ်။ အားကိုးစရာရှိနေသေးပါလားဆိုတဲ့ အသိလည်းတပြိုင်တည်းဖြစ်ပေါ်လာခဲ့ပါတယ်။ တကယ်တန်းသင်တန်း တက်လိုက်တဲ့အခါမှာလည်း၊ဆရာတွေရဲ့စေတနာ၊ သူငယ်ချင်းတွေရဲ့အားပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်၊ တပည့်တော်လိုချင်တဲ့ ပညာတွေကို ရလိုက်ပါတယ်။ ဒီလိုသင်းတန်ဖွင့်လှစ်ပေးခဲ့တဲ့ UCSWA ကိုလည်း အထူးကျေးဇူး တင်ပါတယ်။ ဒီအဖွဲ့အစည်းကြီးဟာ တပည့်တော်တို့ မြတ်ဗုဒ္ဓ္ဓ၏သာသနာတော်ကြီးစည်ပင်ပြန်ပွားအောင်၊ တပည့်တော်တို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းကြီးသာယာလှပအောင် တဖက်တလမ်းမှ ကူညီလိမ့်မယ်လို့ တပည့်တော် အလေးအနက် ယုံကြည်ပါတယ်ဘုရား။

ဦပညာဇောတ
မာဂတတ္ကသိုလ်



တပည့်တော်ဟာ ကွန်ပျူတာသင်တန်းကိုတော့ အကြောင်းအမျိုးမျိုးကြောင်းမတက်ဖြစ်လိုက်ပါဘူးဘုရား၊ သို့သော်လည်းအင်္ဂလိပ်စာသင်တန်းကိုတော့ တက်ဖြစ်ပါတယ်။ တကယ်တော့ တပည့်တော်ဟာ အင်္ဂလိပ်စာကိုလေ့လာနေတာနှစ်နှစ် လောက်ရှိနေပါပြီ၊ သို့သော်လည်းထိုနှစ်နစ်လောက်လေ့လာခဲ့တာဟာ အခု နှစ်လတာသင်တန်းနှင့် ညီမျှနေပါတယ်။ ဒီသင်တန်းကို ကြီးမှူးကျင့်ပပေးခဲ့တဲ့ UCSWA ကို အထူးပင်ကျေးဇူးတင်ရှိ ပါတယ်ဘုရား။ နောင်နှစ်တွေမှာလည်း ဒီလိုသင်တန်းမျိုးတွေကို ဖွင့်လှစ်ပေးစေချင်ပါတယ်။

ဦးပညာဝံသ
နာလန္ဒာတက္ကသိုလ်



တပည့်တော်သင်တန်း အချို့တက်ခဲ့ဖူးပါတယ်။ သို့သော်လည်း ဒီသင်တန်းလောက် တပည့်တော်ကို ကျေနပ်စေလောက်တဲ့ သင်တန်းမရှိခဲ့ပါဘူး။ ဒီသင်တန်းကိုအရမ်းကျေနပ်ခဲ့ပါတယ်။ သင်တန်းဖွင့်လှစ် ပေးတဲ့ UCSWA နှင့် ပညာသင်ကြားပေးခဲ့တဲ့ ဆရာတွေကိုအထူးကျေးဇူးတင်ပါတယ်။

ဦးခေမာဝုဓ
မာဂဓတက္ကသိုလ်။

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့

အပြည့်အစုံသို့